Onion ဝန်ဆောင်မှုများ (ယခင် "ဝှက်ထားသော ဝန်ဆောင်မှုများ") သည် Tor ကွန်ရက်မှတစ်ဆင့်သာ အသုံးပြုနိုင်သည့် (ဝက်ဘ်ဆိုက်များကဲ့သို့) ဝန်ဆောင်မှုများ ဖြစ်သည်။

Onion ဝန်ဆောင်မှုများတွင် သီးသန့်မဟုတ်သော ဝက်ဘ်ရှိ သာမန်ဝန်ဆောင်မှုများထက် အားသာချက် အနည်းငယ် ရှိသည် -

  • Onion ဝန်ဆောင်မှုများ၏ တည်နေရာနှင့် IP လိပ်စာကို ဝှက်ထားသောကြောင့် အနှောင့်အယှက်များက ၎င်းတို့ကို ဆင်ဆာလုပ်ရန် သို့မဟုတ် ၎င်းတို့အား ကိုင်တွယ်သူများကို ခွဲခြားသိရှိရန် ခက်ခဲသည်။
  • Tor သုံးစွဲသူများနှင့် onion ဝန်ဆောင်မှုများအကြား ဒေတာအသွားအလာအားလုံးကို အဆုံးမှအဆုံးသို့ ကုဒ်ဖြင့် ပြောင်းလဲထားသောကြောင့် HTTPS ဖြင့် ချိတ်ဆက်ခြင်း အတွက် စိတ်ပူရန် မလိုအပ်ပါ။
  • onion ဝန်ဆောင်မှုတစ်ခု၏ လိပ်စာကို အလိုအလျောက် ထုတ်လုပ်သောကြောင့် ကိုင်တွယ်သူများသည် ဒိုမိန်းအမည် ဝယ်ယူရန် မလိုအပ်ပါ။ .onion URL ကို ကြည့်ခြင်းဖြင့် Tor သည် မှန်ကန်သော တည်နေရာသို့ ချိတ်ဆက်နေပြီး ချိတ်ဆက်မှုကို ကြားဖြတ်နှောင့်ယှက်ခြင်း မရှိကြောင်း သေချာစေပါသည်။

Onion ဝန်ဆောင်မှုကို အသုံးပြုနည်း

Just like any other website, you will need to know the address of an onion service in order to connect to it. An onion address is a string of 56 letters and numbers, followed by ".onion".

onion ဝန်ဆောင်မှုသုံး ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုစဉ် Tor ဘရောက်ဇာက သင့်ချိတ်ဆက်မှု အခြေအနေမှာ လုံခြုံစိတ်ချရပြီး onion ဝန်ဆောင်မှုကို အသုံးပြုနေကြောင်း ပြသသည့် ကြက်သွန်နီပုံ အိုင်ကွန်ကို URL ဘားတွင် ပြထားပါမည်။ ပတ်လမ်း ပြသမှုကို ကြည့်ခြင်းဖြင့် သင်ဝင်ကြည့်နေသာ onion ဝက်ဘ်ဆိုက်အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။

onion ဝက်ဘ်ဆိုက်အကြောင်း လေ့လာရန် နောက်တစ်နည်းမှာ ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူက Onion တည်နေရာဟု ခေါ်သော အပြင်အဆင်ကို သုံးထားခြင်း ရှိ၊ မရှိ ကြည့်ရန် ဖြစ်သည်။ Onion တည်နေရာဆိုသည်မှာ စံမဟုတ်သော HTTP နဖူးစည်းစာတန်း ဖြစ်ပြီး ဝက်ဘ်ဆိုက်များက ၎င်းတို့၏ onion ဝက်ဘ်ဆိုက်ကို ကြော်ငြာရန် အသုံးပြုနိုင်သည်။ သင်ဝင်ကြည့်နေသော ဝက်ဘ်ဆိုက်အတွက် onion ဝက်ဘ်ဆိုက် ရရှိနိုင်ပါက Tor ဘရောက်ဇာ၏ URL ဘားတွင် ".onion ရရှိနိုင်သည်" ဟု ပြသသည့် ခရမ်းရောင် အကြံပြုချက်တစ်ခု ပေါ်လာပါမည်။ ".onion ရရှိနိုင်သည်" ကို ကလစ်နှိပ်သောအခါ ဝက်ဘ်ဆိုက်ကို ပြန်တင်ပြီး သက်ဆိုင်ရာ onion ဝက်ဘ်ဆိုက်သို့ ပြန်လည်လမ်းညွှန်ပါမည်။

Onion-Location

ဝက်ဘ်ဆိုက်တစ်ခု၏ onion ဝဘ်ဆိုက်ဗားရှင်းကို ဦးစားပေးလိုပါက Onion တည်နေရာသို့ အလိုအလျောက် ပြန်လည်လမ်းညွှန်မှုများကို ဖွင့်နိုင်ပါသည်။ Click on hamburger menu (≡), go to Settings, click on Privacy & Security, and in the Onion Services section look for the entry "Prioritize .onion sites when known." and check the option "Always". Or you can copy and paste this string in a new tab: about:preferences#privacy and change this setting.

ONION SERVICE AUTHENTICATION

စစ်မှန်ကြောင်းသက်သေပြပြီးသော onion ဝန်ဆောင်မှုဆိုသည်မှာ ဝန်ဆောင်မှုကို အသုံးမပြုမီ လက်ခံစက်က လုံခြုံရေးတိုကင်ပေးရန် လိုအပ်သည့် onion ဝက်ဘ်ဆိုက်ကဲ့သို့ ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ Tor အသုံးပြုသူအနေနှင့် သင်သည် Tor ဘရောက်ဇာတွင် တိုက်ရိုက် စစ်မှန်ကြောင်းသက်သေပြနိုင်ပါသည်။ ဤဝန်ဆောင်မှုကို အသုံးပြုရန် သင်သည် onion ဝန်ဆောင်မှု ကိုင်တွယ်သူထံမှ အသုံးပြုခွင့် အထောက်အထား လိုအပ်ပါသည်။ စစ်မှန်ကြောင်းသက်သေပြပြီးသော onion ဝန်ဆောင်မှုကို ဝင်ရောက်သုံးစွဲချိန်တွင် Tor ဘရောက်ဇာသည် မီးခိုးရောင် သော့အသေးပုံကို URL ဘားတွင် ပြသပါမည်။ ထိုသော့ပုံကို ထောက်ကြည့်လျှင် မက်ဆေ့ချ် တွေ့ရပါမည်။ ဖြည့်သွင်းရန်အကွက်တွင် သင်၏ သီးသန့်စကားဝှက်သော့ကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Client Authorization

Onion ဝန်ဆောင်မှုများနှင့် ဆိုင်သော ပြဿနာများ

သင်သည် onion ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်မရပါက ထိုဝက်ဘ်ဆိုက်ကို ဘာကြောင့် မရရှိနိုင်ကြောင်း ပါဝင်သည့် တိကျသော ချွတ်ယွင်းချက် မက်ဆေ့ချ်ကို Tor ဘရောက်ဇာက ပေးပါမည်။ ချွတ်ယွင်းချက်များတွင် လက်ခံစက် ချွတ်ယွင်းမှုများ၊ ကွန်ရက် ချွတ်ယွင်းမှုများ သို့မဟုတ် ဝန်ဆောင်မှု ချွတ်ယွင်းမှုများဟူ၍ အဆင့်အမျိုးမျိုး ရှိနိုင်သည်။ ပြဿနာဖြေရှင်းနည်း အပိုင်းကို လိုက်နာခြင်းဖြင့် ချွတ်ယွင်းချက်အချို့ကို ပြင်ဆင်နိုင်သည်။ အောက်ပါဇယားတွင် ဖြစ်နိုင်ခြေရှိသော ချွတ်ယွင်းမှုအားလုံးနှင့် ပြဿနာဖြေရှင်းရန် သင်လုပ်ဆောင်သင့်သည့်အရာတို့ကို ပြသထားသည်။

ကုဒ် ပြဿနာခေါင်းစဉ် အကျဉ်းဖော်ပြချက်
0xF0 Onionsite Not Found The most likely cause is that the onionsite is offline. Contact the onionsite administrator.
0xF1 Onionsite Cannot Be Reached The onionsite is unreachable due an internal error.
0xF2 Onionsite Has Disconnected The most likely cause is that the onionsite is offline. Contact the onionsite administrator.
0xF3 Unable to Connect to Onionsite The onionsite is busy or the Tor network is overloaded. Try again later.
0xF4 Onionsite Requires Authentication Access to the onionsite requires a key but none was provided.
0xF5 Onion ဝက်ဘ်ဆိုက် စစ်မှန်ကြောင်း သက်သေပြခြင်း မအောင်မြင်ပါ စကားဝှက်သော့ မှားနေသည် သို့မဟုတ် ပြန်လည်ရုပ်သိမ်းခံထားရသည်။ onion ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူကို ဆက်သွယ်ပါ။
0xF6 Invalid Onionsite Address The provided onionsite address is invalid. Please check that you entered it correctly.
0xF7 Onionsite Circuit Creation Timed Out Failed to connect to the onionsite, possibly due to a poor network connection.

ပြဿနာ ဖြေရှင်းခြင်း

သင်တောင်းဆိုသော onion ဝန်ဆောင်မှုနှင့် မချိတ်နိုင်ပါက onion လိပ်စာကို ရိုက်ထည့်ရာတွင် မှန်၊ မမှန် သေချာအောင်စစ်ပါ။ အမှားပါခဲ့လျှင် Tor ဘရောက်ဇာသည် ထိုဝက်ဘ်ဆိုက်နှင့် ချိတ်နိုင်မည်မဟုတ်ပါ။

သင်သည် လိပ်စာကို မှန်ကန်ကြောင်းစစ်ဆေးပြီးနောက် onion ဝန်ဆောင်မှုနှင့် မချိတ်ဆက်နိုင်သေးပါက ကျေးဇူးပြု၍ နောက်မှ ထပ်မံကြိုးစားပါ။ ယာယီ ချိတ်ဆက်မှု ပြဿနာ ရှိနေနိုင်သည် သို့မဟုတ် ဝက်ဘ်ဆိုက် ကိုင်တွယ်သူများက သတိပေးခြင်းမရှိဘဲ ‌အော့ဖ်လိုင်း လုပ်ခွင့်ပြုလိုက်ခြင်း ဖြစ်နိုင်သည်။

သင်အသုံးပြုဖို့ ကြိုးစားသော onion ဝန်ဆောင်မှုသည် စာလုံး ၁၆ လုံးပါသည့် စာတန်း (V2 ဖောမက်) ဖြစ်ပါက ဤလိပ်စာ အမျိုးအစားသည် ခေတ်မမီတော့ပါ

အခြား onion ဝန်ဆောင်မှုများကို အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ရန် DuckDuckGo ၏ Onion ဝန်ဆောင်မှု သို့ ချိတ်ဆက်နိုင်သည်။