ဝက်ဘ်ဆိုက်တစ်ခုနှင့် သင် ချိတ်ဆက်သောအခါ ထိုဝက်ဘ်ဆိုက်ကို ကိုင်တွယ်သူများကသာ သင့်ဝင်ကြည့်မှုအကြောင်း အချက်အလက်ကို မှတ်တမ်းယူနိုင်သည်မဟုတ်ပါ။ ယခုအခါ ဝက်ဘ်ဆိုက်အများစုသည် လူမှုကွန်ရက်သုံး "နှစ်သက်ရန်" ခလုတ်များ၊ ခွဲခြမ်းစိတ်ဖြာရန် ခြေရာခံမှုများနှင့် ကြော်ငြာသုံး ခြေရာခံမှုများ အပါအဝင် ပြင်ပ ဝန်ဆောင်မှုများစွာကို အသုံးပြုသည်။ ၎င်းတို့အားလုံးသည် ဝက်ဘ်ဆိုက်အမျိုးမျိုးရှိ သင့်အသုံးပြုမှုများကို ချိတ်နိုင်သည်။

Tor ကွန်ရက်ကို အသုံးပြုခြင်းက စောင့်ကြည့်သူများအား သင့်တည်နေရာ အတိအကျနှင့် IP လိပ်စာကို မသိနိုင်အောင် တားဆီးပေးသည်။ သို့သော် ဤအချက်အလက် မပါသည့်တိုင်အောင် စောင့်ကြည့်သူများသည် သင့်အသုံးပြုမှု၏ နယ်ပယ်အမျိုးမျိုးကို အတူချိတ်နိုင်ခြေ ရှိသည်။ ထို့ကြောင့် Tor ဘရောက်ဇာတွင် သင်မည်သူဖြစ်ကြောင်း ဆက်စပ်နိုင်သည့် အချက်အလက်ကို သင်ထိန်းချုပ်နိုင်အောင် ကူညီမည့် ထပ်ဆောင်း အပြင်အဆင် ပါဝင်သည်။

URL ဘား

Tor ဘရောက်ဇာသည် URL ဘားရှိ ဝက်ဘ်ဆိုက်ကို သင်အသုံးပြုမှုအပေါ် အခြေခံ၍ ဆက်စပ်လုပ်ဆောင်သည်။ ပြင်ပ ခြေရာခံဝန်ဆောင်မှု တစ်ခုတည်းကို အသုံးပြုသော ကွဲပြားသည့် ဝက်ဘ်ဆိုက်နှစ်ခုနှင့် သင်ချိတ်ဆက်ထားသည့်တိုင်အောင် Tor ဘရောက်ဇာသည် ကွဲပြားသော Tor ပတ်လမ်းနှစ်ခုကိုသုံး၍ သင်လိုအပ်သော အကြောင်းအရာကို ရှာဖွေပေးပါမည်။ ထိုအခါ ခြေရာခံကိရိယာသည် ချိတ်ဆက်မှုနှစ်ခုလုံးမှာ သင့်ဘရောက်ဇာမှ စတင်ကြောင်း သိမည်မဟုတ်ပါ။

အခြားတစ်ဘက်တွင် ဝက်ဘ်ဆိုက်လိပ်စာတစ်ခုတည်းသို့ ချိတ်ဆက်မှုအားလုံးအတွက် တူညီသော Tor ပတ်လမ်းကို သုံးပါမည်။ ထို့ကြောင့် သင်သည် လုပ်ဆောင်နိုင်စွမ်းကို မထိခိုက်ဘဲ ဝက်ဘ်ဆိုက်တစ်ခုတည်း၏ ကွဲပြားသော စာမျက်နှာများကို သီးခြား တက်ဘ်များ သို့မဟုတ် ဝင်းဒိုးများဖြင့် ရှာဖွေအသုံးပြုနိုင်ပါသည်။

Display circuit diagram under the site information menu

သင်သည် လက်ရှိတက်ဘ်အတွက် Tor ဘရောက်ဇာက အသုံးပြုနေသော ပတ်လမ်းပုံကို URL ဘားရှိ ဝက်ဘ်ဆိုက် အချက်အလက် မီနူးတွင် ကြည့်နိုင်ပါသည်။

In the circuit, the Guard or entry node is the first node and it's automatically and randomly selected by Tor. But it is different from the other nodes in the circuit. In order to avoid profiling attacks, the Guard node changes only after 2-3 months, unlike the other nodes, which change with every new domain. For more information about Guards, consult the FAQ and Support Portal.

Tor အသုံးပြု၍ လော့ဂ်အင်ဝင်ခြင်း

အင်တာနက်သုံးရာတွင် အသုံးပြုသူ၏ အမည်ကို လုံးဝမသိစေရန် Tor ဘရောက်ဇာကို ရည်ရွယ်ရေးသားထားသော်လည်း အသုံးပြုသူအမည်များ၊ စကားဝှက်များ သို့မဟုတ် မည်သူမှန်းခွဲခြားသိရှိနိုင်သော အချက်အလက်များ ပေးရန် လိုအပ်သည့် ဝက်ဘ်ဆိုက်များတွင်လည်း Tor ကို အသုံးပြုဖို့ ဆီလျော်သော အခြေအနေများ ရှိနိုင်ပါသည်။

သင်သည် ပုံမှန်ဘရောက်ဇာ အသုံးပြု၍ ဝက်ဘ်ဆိုက်တစ်ခုသို့ လော့ဂ်အင်ပါက သင့် IP လိပ်စာနှင့် ပထဝီဝင်ဆိုင်ရာ တည်နေရာကို ဖော်ထုတ်ရာရောက်ပါသည်။ သင်အီးမေးလ် ပို့ချိန်တွင်လည်း မကြာခဏ ထိုသို့ဖြစ်တတ်သည်။ သင်၏ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ သို့မဟုတ် အီးမေးလ်အကောင့်များသို့ Tor ဘရောက်ဇာ အသုံးပြု၍ လော့ဂ်အင်ဝင်ခြင်းဖြင့် သင်ရှာဖွေအသုံးပြုနေသော ဝက်ဘ်ဆိုက်အား ပေးသိလိုသည့် အချက်အလက်အတိအကျကို ရွေးချယ်နိုင်သည်။ သင်ရောက်ရှိရန် ကြိုးစားနေသော ဝက်ဘ်ဆိုက်ကို သင့်ကွန်ရက်တွင် ဆင်ဆာလုပ်ထားလျှင်လည်း Tor ဘရောက်ဇာကို အသုံးပြု၍ လော့ဂ်အင်ဝင်နိုင်ပါသည်။

သင်သည် Tor အသုံးပြု၍ ဝက်ဘ်ဆိုက်တစ်ခုသို့ လော့ဂ်အင်ဝင်သောအခါ သတိပြုရန် အချက်အနည်းငယ် ရှိပါသည် -

  • လော့ဂ်အင်ဝင်ချိန်တွင် သင့်ချိတ်ဆက်မှုကို လုံခြုံစိတ်ချရအောင် ပြုလုပ်ရန်အတွက် အရေးကြီးအချက်အလက်ကို လုံခြုံစိတ်ချရသော ချိတ်ဆက်မှုများ စာမျက်နှာတွင် ကြည့်ပါ။
  • Tor ဘရောက်ဇာက သင့်ချိတ်ဆက်မှုကို လုံးဝကွဲပြားခြားနားသော နေရာမှ လာသည့်ပုံပေါက်အောင် မကြာခဏ ပြုလုပ်တတ်သည်။ ထို့ကြောင့် ဘဏ်များ သို့မဟုတ် အီးမေးလ် ဝန်ဆောင်မှုပံ့ပိုးသူများကဲ့သို့ ဝက်ဘ်ဆိုက်အချို့က သင့်အကောင့် ဟက်ခံရသည် (သို့) ညှိနှိုင်းခံရသည်ဟု ယူဆကာ သင့်အကောင့်ကို လော့ခ်ချတတ်သည်။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ အသုံးပြုသူစာရင်း ပြန်ရအောင်လုပ်ဖို့ ထိုဝဘ်ဆိုက်က အကြံပြုထားသော လုပ်ထုံးလုပ်နည်းကို လိုက်နာရန် (သို့) ဝက်ဘ်ဆိုက်ကိုင်တွယ်သူများထံ ဆက်သွယ်ပြီး အခြေအနေကို ရှင်းပြရန် ဖြစ်သည်။

ကိုယ်ပိုင် အမှတ်သင်္ကေတများနှင့် ပတ်လမ်းများ ပြောင်းလဲခြင်း

New Identity and New Tor Circuit options under main menu

Tor ဘရောက်ဇာတွင် "ကိုယ်ပိုင်အမှတ်သ‌င်္ကေတအသစ်" နှင့် "ဤဝက်ဘ်ဆိုက်အတွက် Tor ပတ်လမ်းအသစ်" ဟူသော ရွေးချယ်မှုတို့ ပါဝင်သည်။ ၎င်းတို့သည် ဟမ်ဘာဂါ သို့မဟုတ် အဓိက မီနူး (≡) တွင်လည်း ရှိသည်။

ကိုယ်ပိုင်အမှတ် သင်္ကေတအသစ်

နောက်လာမည့် ဘရောက်ဇာအသုံးပြုမှုကို သင့်ယခင်အသုံးပြုမှုနှင့် မဆက်စပ်စေချင်ပါက ဤရွေးချယ်မှုကို အသုံးပြုနိုင်သည်။ ၎င်းကို ရွေးချယ်ပါက ပွင့်နေသော တက်ဘ်နှင့် ဝင်းဒိုးအားလုံး ပိတ်ပါမည်၊ ကွတ်ကီးများနှင့် ရှာဖွေမှုမှတ်တမ်းကဲ့သို့ သီးသန့် အချက်အလက်အားလုံးကို ရှင်းပစ်ပြီး ချိတ်ဆက်မှုအားလုံးအတွက် Tor ပတ်လမ်းအသစ်များကို အသုံးပြုပါမည်။ Tor ဘရောက်ဇာက အသုံးပြုမှုနှင့် ဒေါင်းလုဒ်အားလုံးကို ရပ်ပစ်မည်ဖြစ်ကြောင်း သင့်အား သတိပေးပါမည်။ ထို့ကြောင့် "ကိုယ်ပိုင်အမှတ်သင်္ကေတအသစ်" ကို ကလစ်မနှိပ်မီ ထိုအကြောင်းကို ထည့်သွင်းစဉ်းစားပါ။

ဤရွေးချယ်မှုကို အသုံးပြုရန် Tor ဘရောက်ဇာ၏ တူးလ်ဘားရှိ "ကိုယ်ပိုင်အမှတ်သင်္ကေတအသစ်" ကို ကလစ်နှိပ်ပါ။

ဤ ဝက်ဘ်ဆိုက်အတွက် Tor ပတ်လမ်းအသစ်

သင်အသုံးပြုနေသော အထွက် ကြားခံစက် က သင်တောင်းဆိုသော ဝက်ဘ်ဆိုက်သို့ မချိတ်ဆက်နိုင်လျှင် သို့မဟုတ် ထိုဝက်ဘ်ဆိုက် စနစ်တကျ တက်မလာလျှင် ဤရွေးချယ်မှုကို အသုံးပြုနိုင်သည်။ ၎င်းကို ရွေးချယ်ပါက လက်ရှိသုံးနေသော တက်ဘ် သို့မဟုတ် ဝင်းဒိုးကို Tor ပတ်လမ်းအသစ်ဖြင့် ပြန်တင်ပါမည်။ ထိုဝက်ဘ်ဆိုက်မှ ပွင့်နေသော အခြားတက်ဘ်နှင့်ဝင်းဒိုးများကို ပြန်တင်ပြီးသည်နှင့် ၎င်းတို့အတွက် ပတ်လမ်းအသစ်ကို အသုံးပြုပါမည်။ ဤရွေးချယ်မှုသည် သီးသန့် အချက်အလက်များကို မရှင်းပစ်သကဲ့သို့ သင့်အသုံးပြုမှုကိုလည်း လင့်မဖြုတ်ပါ။ ထို့ပြင် အခြားဝက်ဘ်ဆိုက်များသို့ လတ်တလော ချိတ်ဆက်မှုများကိုလည်း မထိခိုက်ပါ။

သင်သည် ဤရွေးချယ်မှုကို URL ဘား၏ ဝက်ဘ်ဆိုက် အချက်အလက် မီနူးရှိ ပတ်လမ်းအသစ် ပြသမှု၌လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။